စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ဇနီး ပါဝင်ပတ်သက်နေဟု ဝေဖန်
Photo: Reuters
ဂျပန်နိုင်ငံမှာ စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ တစ်ခုမှာ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ဇနီးဖြစ်သူ ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်မှာ အတိုက်အခံ အမတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ ဇနီးဖြစ်သူ နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ ထိပ်တန်းအရာရှိ တွေ လွှတ်တော်ကို ဆင့်ခေါ်ပြီး စစ်ဆေးသင့်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။
စစ်တမ်းတစ်ခုအရလည်း ဂျပန်မှာ အရည်အချင်းထက် အာဏာပိုင်တွေနဲ့ နီးစပ်မှုက ပိုမိုအရေးပါနေပြီး၊ ဒီိကိစ္စအတွက် ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်လို့ ပြည်သူအများစုက ထင်မြင်နေကြောင်း၊ ဝန်ကြီးချုပ်ကို လူကြိုက်များမှု ကျဆင်းလာနေကြောင်း ဖော်ပြပါတယ်။
ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှားအယွင်း ဘာတစ်ခုမှ မကျူးလွန်ခဲ့ ကြောင်း ငြင်းဆိုပါတယ်။
-Ref; RFA