လိုက်ဟဲဗီးဝိတ်တန်းတွင် အောင်လအန်ဆန်နှင့် စိန်ခေါ်ခွင့်ရရန် အလိန်းဂါလာနီ ကြိုးပမ်းနေ

Fri, March 16, 2018

ကင်မရွန်းနွယ်ဖွား ဟောင်ကောင်တွင် နေထိုင်သည့် MMA ကစားသမား အလိန်း ဂါလာနီသည် အောင်လအန်ဆန် ၏ ချန်ပီယံ ဆုဖြစ်သော လိုက်ဟဲဗီးဝိတ်တန်းကို စိန်ခေါ် ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် အလိန်းဂါလာနီ တို့သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရန်ကုန် မြို့၌ ကျင်းပသော One Championship ပြိုင်ပွဲ၌ တွေ့ဆုံခဲ့ပြီး အောင်လအန်ဆန်က ပထမအချီမှာပင် အနိုင်ယူထားသည်။

“အောင်လအန်ဆန် ရရှိထားတဲ့ လိုက်ဟဲဗီး ၀ိတ်တန်းချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ပြင်ဆင်မှု တွေလုပ်နေပါတယ်။ ဟဲဗီးဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းကို ယှဉ်ပြိုင်ခွင့်ရဖို့က ကျွန်တော့်အတွက် မခက်ခဲပါဘူး။ ချန်ပီယံဆု ရရှိဖို့က အဓိကပါပဲ။ လက်ရှိမှာ ၀ိတ်လျှော့ပြီးတော့ လိုအပ်တဲ့အပိုင်းတွေကို ပြင်ဆင်နေပါတယ်” ဟု အလိန်းဂါလာနီက ပြောသည်။

အလိန်းဂါလာနီ သည် မတ် ၂၄ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် MMA ပြိုင်ပွဲ၌ မွန်ဂိုလီးယားကစားသမားနှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ