ချန်ပီယံလိဂ်မှာ မက်ဆီ ဂိုး(၁၀၀) ပြည့်ခဲ့

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ မနေ့ညက ချဲလ်ဆီးကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သူသွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာသူ့အတွက် ချန်ပီယံလိဂ်မှာ မှတ်တိုင်သစ်ဖြစ်ခဲ့တာပါ။ အရင်ကဂိုး ၁၀၀ ပြည့်ခဲ့သူက စီရော်နယ်ဒိုဖြစ်ပြီး သူက ၁၁၇ ဂိုးနဲ့ပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်မက်ဆီက ဂိုး ၁၀၀ ပြည့်ဖို့အတွက် ၁၂၃ ပွဲဘဲ ကစားခဲ့ရပြီး စီရော်နယ်ဒိုကတော့ ၁၃၇ ပွဲ ကစားပြီးမှ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဂိုးကို ၂၃၈ စက္ကန့်အကြာမှာ သွင်းယူခဲ့တာကြောင့် သူ့ကစားသမားဘ၀မှာ အမြန်ဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။

မက်ဆီဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နှစ်ကျော့စလုံးမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးနည်းပြ ကွန်တီကဆိုရင် သူတို့တွေ ထိပ်တိုက်တွေ့မှုမှာ မက်ဆီက ကွာခြားချက်ဖြစ်ခဲ့တာလို့ ပြောသွားပါတယ်။

 

90Minutes