Blu ရဲ့ 18:9 မျက်နှာပြင်နဲ့ ဒေါ်လာ ၁၉၉ တန် Mid-range ဖုန်း

Blu ဟာ Mid-range စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ Brand တစ်ခုပါ။ Blu အနေနဲ့ ယခုအခါမှာတော့ သူတို့ရဲ့ ပထမမဆုံး 18:9 မျက်နှာပြင်နဲ့ ဟန်းဆက်ကို ထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်ကြီး Trend ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

 Amazon မှာ ဖော်ပြထားချက်အရ Blu ရဲ့ နောက်ထုတ်လုပ်မယ့် Handset ဟာ Pure Viw လို့ ခေါ်ပြီးဈေးနှုန်း ကတော့ ဒေါ်လာ ၂၀၀ ရှိမှာပါ။ မျက်နှာပြင်အနေနဲ့ ၅.၇ လက်မ HD+ ရှိပြီး Resolution အနေနဲ့ကတော့ 720×1440 p ရှိမှာပါ။

စမတ်ဖုန်းအနေနဲ့ mid-range octa-core Mediatek MT6753 processor ကို ထည့်သွင်းထားပြီး 3 GB RAM, 32GB expandable internal memory, fingerprint scanner နဲ့ face unlock တွေပါဝင်မှာပါ။ 13 MP ကျောဘက်ကင်မရာ၊ 8MP dual front-facing ကင်မရာတွေ ပါဝင်လာပါတယ်။

Pure View ကို Blu အနေနဲ့ တရားဝင် ထုတ်ဖော်ထားခြင်းမရှိပေမယ့် Amazon မှာ အတော်ကြာ တင်ထား ခဲ့ပါတယ်။

Bruce