လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါမူကလားရွာ ပါတီဝင်များနှင့် တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၁၃

(၁၃ – ၃ – ၂၀၁၈) ရက်နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ ဒေါမူကလားရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံ ပါသည်။
ယင်းတွေ့ဆုံရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌက ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီမူဝါဒများ၊ ပါတီဝင်များ သိသင့်သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တ၀င့် ဆွေးနွေးသွားပြီး ပါတီဝင်လက်ထဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသောသတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှသွားပြီး လူငယ်မောင်မယ်များအတွက် ရံပုံငွေပေးအပ်သွား ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်သင်း (လွိုင်ကော်မြို့နယ် တာဝန်ခံ) လွိုင်ကော်ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ ဒေါမူကလားကျေးရွာရှိပါတီဝင်များ၊ အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်းအင်အား (၄၀) ဦး တက်ရောက်ကာ တွေ့ဆုံပွဲကို ညနေ (၆း၃၀) နာရီတွင် ပြီးစီးကြောင်း သိရှိရသည်။

Crd;