မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

မတ်(၁၃) မိုးညှင်း

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာနှင့်လူငယ်ရေးရာကော်မတီက ကြီးမှူး၍အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယမန်နေ့မတ်လ (၁၃) ရက်နံနက်(၁၀)နာရီတွင် နန်းမားဒေသ နန်းခမ်းဒေသ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မိုးညှင်းခရိုင်ပါတီဥက္ကဌ ဦးစိန်ဝင်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးလမိုင်တို့က အမှာစကားပြောကြားခဲ့ပြီး နယ်မြေတာဝန်ခံဦးခိုင်ဇော်ထွန်းကသင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်လိုက်သည်။ သင်တန်းသို့သင်တန်းသူ(၄၂)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်ခဲ့ကြောင်းသိရသည်။

စိမ်း မို့မို့