ဆေးရုံနှင့် သာသနာရေးရာအဆောက်အဦ များအတွက် အခမဲ့အင်တာနက် Mytel တပ်ဆင်မည်

စတုတ္ထမြောက်အော်ပရေတာ Mytel အနေနဲ့ ဆေးရုံနဲ့သာသနာရေးရာအဆောက်အဦတွေမှာ အခမဲ့အင်တာနက် တပ်ဆင်သွားမယ်လို့ သိရပါတယ်။ ကျောင်းတွေမှာ အခမဲ့အင်တာနက်စနစ် တပ်ဆင်မယ့်အပြင် ဆေးရုံနဲ့ သာသနာရေးရာအဆောက်အဦ တွေမှာ တပ်ဆင်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်မှုအနေနဲ့ အဲဒီလုပ်ငန်းကိုဦးစားပေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့ ကျောင်းတွေ၊ ဆေးရုံတွေ၊ သာသနာရေးဆိုင်ရာ အဆောက်အဦး တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ အခမဲ့အင်တာနက်ဝန်ဆောင်မှု တပ်ဆင်ပေးတာတွေကို ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စတုတ္ထမြောက်အော်ပရေတာ Mytel မှာ မြန်မာနိုင်ငံသားပိုင်ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ ဗီယက်နမ်ပိုင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းပါဝင်ပါတယ်။ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီလျံရ င်းနှီးမြုပ်နှံထား တယ်လို့သိရပါတယ်။

– ထွန်းထွန်း