ဆီးရီးယားမှာ ရုရှား လေကြောင်းတိုက်ခိုက်မှု ခေတ္တရပ်

ဆီးရီးယားနိုင်ငံမှာ ရုရှားက ဆီးရီးယား သူပုန်တွေအပေါ် လေကြောင်းကနေ တိုက်ခိုက်နေရာက မနေ့ကတော့ အရပ်သားတွေ ဒမတ်စကတ်မြို့တော်ကနေ ထွက်ပြေးနိုင်အောင် လူသားချင်း စာနာတဲ့အနေနဲ့ ၅ နာရီ ကြာ ခေတ္တအပစ်အခတ်ရပ်စဲရေး အမိန့်ကို ရုရှားသမ္မတ Putin က ထုတ်ပြန်လိုက်ပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီကနေ နေ့လည် ၂ နာရီ အတွင်း အပစ်ခတ် ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ကပြောပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းအဖြစ် အရပ်သား တွေ ဒမတ်စကတ်မြို့ကနေ ထွက်ခွာသွားနိုင်တဲ့ လမ်းကြောင်းတွေအကြောင်း ဖေါ်ပြထားတဲ့စာရွက်တွေကို ဆီးရီးယား အာဏာပိုင်တွေက ဖြန့်ဝေပေးနေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားမှာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးစတင်ဖို့ တောင်းဆိုခဲ့ပြီး ၂ ရက် အကြာ အပစ်ရပ်ရေး ပျက်ပြားတော့မယ့် အခြေအနေမှာပဲ သမ္မတ Putin ရဲ့ အမိန့်ထွက်လာတာပါ။

Damascus မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္လာနေ့က လူ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

-Ref; RFA