ပါတီဗဟိုစည်းကမ်းထိန်းသိန်းရေးအဖွဲ့ မွန်ပြည်နယ်အတွင်းရှိ ခရိုင် (၂) ခရိုင်မှ ခရိုင်/မြို့နယ် ကော်မတီဝင်များအားတွေ့ဆုံ

 

ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မွန်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် မော်လမြိုင်ခရိုင် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များအား တွေ့ဆုံကာ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဖွဲ့စည်းမှုများ ပါတီ၏အခြေခံစည်းမျဉ်းပါ ပြဌာန်းချက်များ၊ ကျင့်ဝတ်များ၊ ရပိုင်ခွင့်များ ပါတီစည်းမျဉ်း၊ စည်းကမ်းများလုပ်ထုံးလုပ်နည်းများ၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်မော်ဦးမှ ပြည်နယ်ပါတီအနေဖြင့် ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးသည်။ ယင်းနောက် ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးဌေးလွင်မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးပါသည်။
မော်လမြိုင်ခရိုင်ကော်မတီအဖွဲ့နှင့် မြို့နယ် (၆) မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ခံများမှ ပြန်လည်ဆွေးနွေးကြကာ နေ့လည် ၁၂ နာရီအချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ စုစုပေါင်းအင်းအား ( ၃၂ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များသည် သထုံခရိုင်ပါတီရုံးသို့ ရောက်ရှိကြပြီး ခရိုင်ပါတီ အစည်းအဝေးခန်းမတွင် သထုံခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

Crd;