ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြားခြင်းအား ယနေ့နံနက် ၁ဝနာရီ ၁ဝ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းပါတီအတွင်းရေးမှူးဦးသာဝင်း၊ တိုင်းပါတီ ကော်မတီဝင်သတင်းနှင့် မီဒီယာတာဝန်ခံ ဒေါက်တာကျော်စိုး၊ ခရိုင်လေးခရိုင်မှ သတင်းတာဝန်ခံ များအားတွေ့ဆုံပြီး စည်းရုံးရေးရှေ့လုပ်ငန်းစဉ်များအား ပိုမိုအလေးထားဆောင်ရွက်သွားရန် မှာကြား ပြီး သတင်းတာဝန်ခံများက နယ်မြေစည်းရုံးရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကာ ဆွေးနွေးပွဲအား နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

စိုးမိုး(ဒဂုံ-အရှေ့)