ဘောလုံးလောကတွင် ငွေအမြောက်အမြား သုံးစွဲမှုများကို ဖီဖာကန့်သတ်ရန် စီစဉ်

ပီအက်စ်ဂျီအသင်းက နေမာကို ကမ္ဘာ့စံချိန်တင်ကြေး ဖြင့်ခေါ်ယူပြီး တစ်နှစ်မပြည့်မီ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ကလပ် အသုံးစရိတ်များ ကန့်သတ်ထိန်း ချုပ်မည့် စည်းမျဉ်းအသစ်များကို မိတ်ဆက်ရန် ပြင်ဆင်နေသည်။

အင်ဖာတီနိုက ကစားသမား များ၏ အေးဂျင့်စရိတ်နှင့် အ ပြောင်းအရွှေ့ဈေးကွက်အသုံးစ ရိတ်တို့ကို ထိန်းချုပ်ကာ ဘောလုံး လောကကို  ကြီးကျယ်စေသော တန်ဖိုးထားမှုများကို ကာကွယ်ရန် ကြိုးပမ်းနေသည်။

အပြောင်းအရွှေ့နှုန်းထား များသည် နှစ်များစွာအထိ အ တက်ဘက်သို့ ဦးတည်လာသော် လည်း ၂၀၁၇ အတွင်း စံချိန်သစ် တင်ခဲ့သည်။ ပီအက်စ်ဂျီက နေမာ ကို ဘာကာမှ ယူရို ၂၂၂ သန်းဖြင့် ခေါ်ယူကာ စံချိန်သစ်တင်ခဲ့ပြီး မန်ယူက ဂျူဗင်တပ်မှ ပေါ့ဂ်ဘာ ကို ယူရို ၁၀၅ သန်းဖြင့် ခေါ်ယူခဲ့ သည်။

ပီအက်စ်ဂျီသည် မိုနာကိုမှ မက်ဘီကို အငှားခေါ်ယူပြီး မကြာမီ ယူရိုသန်း ၁၈၀ ဖြင့် အပြီးသတ် ခေါ်ယူရန် ပြင်ဆင်နေသည်။

နေမာအပြောင်းအရွှေ့မှ ရသောငွေဖြင့် ဘာကာက ဒမ်ဘီလီနှင့် ကော်တင်ဟိုကို ယူရို ၁၄၇ သန်းနှင့် ယူရိုသန်း ၁၆၀ ပေး၍ ဝယ်ယူခဲ့သည်။

လက်ရှိကြုံတွေ့နေသော အခြေအနေကို မိမိသဘောမကျဘဲ ၂၀၁၇ က တစ်ကမ္ဘာလုံးအပြောင်းအရွှေ့ ကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံသို့ ရောက်ခဲ့ကာ အေးဂျင့်စရိတ်ကန်ဒေါ်လာ သန်း ၅၀၀ ရှိခဲ့ပြီး ဘောလုံး အကယ်ဒမီများတွင် ရင်းနှီးမြှုပ်နှံမှုက ကန်ဒေါ်လာ သန်း ၆၀ သာ ရှိခဲ့သည်ဟု အင်ဖာတီနိုက ပြောသည်။ ယင်းအနေအထားကို ပြောင်းလဲရမည် ဟု ၎င်းက ပြောသည်။

—Ref:Goal