ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ကို ရီးရဲလ်မခေါ်သင့်ဟု စပိန်ဝန်ကြီးချုပ် ပြောကြား

စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို မခေါ်သင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ဟာ ၂၀၁၃မှာ ဘာစီလိုနာကိုနေမာရောက်ကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်း ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပီရက်ဇ်၊ အသင်းခေါင်းဆောင်ရာမို့စ် တို့အပြင် ဘရာဇီး အသင်းဖော်တွေဖြစ်တဲ့ ကက်စ်မီရိုနဲ့ မာဆယ်လိုတို့ဟာ ဘာနေဗျူးကို နေမာ လာရောက်ကစားဖို့ ရှိနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

အခုအခါမှာ စပိန်ဝန်ကြီးချုပ် ရာဂျွိုင်းက သူ့အနေနဲ့ လက်ရှိရီးရဲလ်ရဲ့ တိုက်စစ်အင်အားစုဖြစ်တဲ့ BBC တိုက်စစ်အတွဲကို ယုံကြည်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ စပိန်ဝန်ကြီးချုပ်က “ အဖြူရောင်ဂျာစီကို နေမာ ၀တ်ဆင်မှာကို ကျွန်တော် မမြင်ချင်ပါဘူး။ အမ်ဘတ်ပီနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် မသိပါဘူး။ BBC တိုက်စစ်ဟာ ထူးခြားတဲ့ တိုက်စစ်အတွဲပါ။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ပရိသတ်တွေက သူတို့ကို သံသယ ဖြစ်ခဲ့ကြပါတယ်။ သူတို့ကို ကျွန်တော် ယုံကြည်မှုရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 

-Ref; Sky sports