တောင်ကိုရီးယားနဲ့ တရုတ်ကို စီးပွားရေးအရ ထရမ့်ခြိမ်းခြောက်

တောင်ကိုရီးယားနဲ့ လွတ်လပ်စွာကုန်သွယ်မှုကို ပြန်ပြင်မှာဖြစ်ပြီး တရုတ်ကို စီးပွားရေးအရ အရေးယူမယ်လို့ အမေရိကန်သမ္မတ ထရမ့်က အာရှက အဓိကကုန်သွယ်ဖက် နှစ်နိုင်ငံကို ခြိမ်းခြောက်လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန် သံမဏိနဲ့ အလူမီနီယံလုပ်ငန်းတွေ ပျက်စီးအောင်လုပ်နေတယ်လို့ စွပ်စွဲရင်း အခွန်အကောက်နဲ့ တင်ပို့တဲ့ ခွဲတမ်းအပါအ၀င် ရွေးချယ်စရာမှန်သမျှကို ပြန်သုံးသပ်မယ်လို့ ပြောပါတယ်။

တရုတ်နဲ့ တခြားနိုင်ငံတွေ ပစ္စည်းတွေ ပိုထုတ်လုပ်နေတာတွေကို ဖြေရှင်းဖို့ လိုအပ်တာအပါအ၀င် အမေရိကန် ပြည်ထောင်စုအတွက် အကျိုးအရှိဆုံးကို ဆုံးဖြတ်မယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သံမဏိနဲ့ အလူမီနီယံကို ပြည်ပကို ပေါပေါများများ တင်ပို့နေတဲ့အကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက အစီရင်ခံစာနှစ်စောင် ထုတ်ပြန်ထားပါတယ်။

-Ref; RFA