တရုတ်ဖုန်း မဝယ်ဖို့ ကန် လွှတ်တော်မှာတင်သွင်း

တရုတ်ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ သုံးပြီး အမေရိကန်တာဝန်ရှိသူတွေကို ထောက်လှမ်းမှာကို စိုးရိမ်တယ်ဆိုပြီး Huawei Techonologies Co Ltd ဒါမှမဟုတ် ZTE Corp က ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကို အမေရိကန်အစိုးရက ၀ယ်ယူတာ ဒါမှမဟုတ် ငှားရမ်းတာကို ပိတ်ဆို့မယ့် ဥပဒေကြမ်းတစောင်ကို Republican အထက်လွှတ်တော် အမတ်နှစ်ဦးက ဒီလ ၇ ရက်တွေက အဆိုပြုလိုက်ပါတယ်။

Huawei ဟာ သူ့ပစ္စည်းတွေနဲ့ အမေရိကန်တာဝန်ရှိသူတွေဆီက သတင်းအချက်အလက်တွေကို ဖောက်ထွင်းခိုးယူ နိုင်ပါတယ်လို့ Arkansas ပြည်နယ်အထက်လွှတ်တော်အမတ် Tom Cotton ကပြောပါတယ်။

အမေရိကန်ကလိုအပ်တဲ့ နည်းပညာတွေနဲ့ ကိုက်ညီတဲ့ တခြားကုမ္ပဏီတွေ အများကြီးရှိတာမို့ တရုတ်က လွယ်လွယ်ကူကူထောက်လှမ်းနိုင်သွားတာမျိုး မလုပ်သင့်ပါဘူးလို့ပြောပါတယ်။ ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio နဲ့ Tom Cotton တို့က ဒီဥပဒေကြမ်းကို အဆိုပြုလိုက်တာပါ။

RFA Burmese