ကာကွယ်ရေးအသုံးစရိတ် ပြင်သစ် တိုးမြှင့်မည်

ပြင်သစ်အစိုးရဟာ ၂၀၂၅ ခုနှစ် မတိုင်ခင်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ၃ ပုံ ၁ ပုံကျော် တိုးမြှင့်မယ့် စီမံကိန်းကို ဝန်ခံလိုက်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ဟာ တိုင်းပြည်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းရဲ့ ၂ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် အသုံးစရိတ်တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ နှစ်ရှည် စစ်တပ်အသုံးစရိတ် စီမံကိန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးကလည်း ရသုံးမှန်းခြေ ငွေစာရင်းဟာ ဒီနှစ်ထဲမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာလို့ ၃၄ ဒသမ ၂ ဘီလီယံ ယူရိုကို ကာကွယ်ရေး အသုံးစရိတ်ထဲမှာ သုံးဖို့ စီစဉ်ခဲ့ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြား နှစ်စဉ် တိုးလာခဲ့တာပါ။

သမ္မတ မက်ခွန်းရဲ့ လက်ရှိ သမ္မတသက်တမ်း အဆုံးသတ်ချိန် ၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ၃ ရာခိုင်နှုန်း တက်သွားဖို့ မျှော်လင့်ထားပါတယ်။

လောလောဆယ် ကာကွယ်ရေး အသုံးစရိတ်ဟာ ၄၄ ဘီလီယံယူရိုနဲ့ ညီမျှနေပြီး မနှစ်ကထက် ၃၅ ဒသမ ၈ ရာခိုင်နှုန်းလောက် ပိုမြင့်တာ တွေ့ရပါတယ်။ 

DVB