ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်​ကို​င်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ လမ်းညွှန်​အမှာစကား​ပြောကြား

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့​ မနက်ပိုင်း ၁၀နာရီ ၃၀ မိနစ်အချိန် ရွှေဘိုမြို့နယ် ရန်ကြီးအောင် ခန်းမတွင်​ ကျင်းပပြုလုပ်သည့် ရွှေဘိုခရို်င် လူငယ်​တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်​၍ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့ပါသည်​။

တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်းရေးမှူးဦးသက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​၊ ပါတီဗဟိုအလုပ်မှုဆောင် စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးမြင့်စိုး ဗဟိုလူငယ်​​ရေးရာ ကဏ္ဍတာဝန်​ခံ​ဒေါက်​တာ​အောင်​မြတ်​ဦးနှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာမြင့်သိန်း၊ ဗဟို​ကော်​မတီဝင်​များ ၊ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​​အောင်​​ဇော်​ဦး တို့တက်ရောက်ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​၍ ရပ်​/​ကျေးပါတီ လူငယ်​​ရေးရာအဖွဲ့ ဝင်​တစ်​ဦးဖြစ်​သည့် ကိုဇေယျာမိုးဇော်ဇော်ဘို၊ ရွှေဘိုမြို့နယ် ပါတီလူငယ်​​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သည့် ကိုသိန်းကျော်သူနှင့် ရွှေဘိုခရိုင်ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာတာဝန်​ခံ ကိုသင်ဇော်မှ နယ်​​မြေအလိုက်​လူငယ်​​ရေးရာဖွဲ့စည်းလှုပ်​ရှား​ဆောင်​ရွက်​​နေမှုအ​ခြေအ​နေများအားရှင်းလင်းတင်​ပြခဲ့ကြသည်​။

ဆက်​လက်​၍ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးမြင့်စိုးက တက်ရောက်လာသည့်လူငယ်များအားအမှာစကား​ပြောကြားခဲ့သည်။

ထို့နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးမှ ရွှေဘိုခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​တွေ့ ဆုံပွဲအခမ်းအနားတွင်​ လမ်းညွှန်​အမှာစကားကို အကျယ်​တဝင့်​​ပြောကြားခဲ့ပြီး​နောက်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦးသက်​နိုင်​ဝင်းမှ ​ရွှေဘိုခရိုင်​ပါတီဝင်​လူငယ်​များအား ဂုဏ်​ပြုလက်​​ဆောင်​ပြက္ခဒိန်​များ ​ပေးအပ်​ကာ အခမ်းအနားအား မျိုးဆက်​သစ်​ပါတီဝင်​လူငယ်​များမှ ပြည်​ခိုင်​ဖြိုးလူငယ်​ ​တေးသီချင်းကို သီဆို​ဖျော်​​ဖြေ၍ ရုပ်​သိမ်းခဲ့သည်​။