ပါတီရပ်/ကျေးအဖွဲ့များနှင့်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလစဉ် ရပ်/ကျေးပါတီများနှင့်တွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်            ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ကျင်းပသည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးတိုင်းပါတီ ကော်မတီ ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင်အတွင်းရေးမှူးဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင် ၁၂၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဥာဏ်ဆောင်