မိုးမိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ယမန်နေ့ နေ့လည်(၁၂း၃၀) အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ် မြို့နယ်ပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်ပရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ ရှမ်းမြောက်ပါတီ၏ စတုတ္ထ (၃)လပတ် လုပ်ငန်းညှိနှိုင်းစည်းဝေး လမ်းညွှန်ချက်များ လစဉ်ပေးပို့ရမည့် လအစီရင်ခံစာပုံစံများ ယခုလ ဆောင်ရွက်ရမည့် လုပ်ငန်ုးများ အသေးစိပ် ရှင်းလင်းခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်အတွင်းရေးမှူး နှင့် ပါတီကော်မတီဝင်များမှရေးရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းများ ချမှတ်ခဲ့ကြပြီး အစည်းအဝေး ကို ညနေ (၄း၀၀)နာရီတွင် အောင်မြင်ပြီးမြောက်ခဲ့ ပါသည်။

အစည်းအဝေးသို့ မြို့နယ်ဥက္ကဌ ၊ အတွင်းရေးမှူး မြို့နယ်ကော်မတီ အရံကော်မတီစုစုပေါင်း (၃၅)ဦး တက်ရောက်ကြောင်း တင်ပြအပ်ပါသည်။

credit >>> ခင်မိုးမိတ်