အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံက ကစားနည်း ၄ မျိုး စေလွှတ် ယှဉ်ပြိုင်မည်

အောင်​မြင်​မှုရနိုင်​မယ့် ကစားနည်း​တွေကိုသာ ​ရွေးချယ်​ပြီး အကျစ်​လျစ်​ဆုံး သွား​ရောက်​ယှဉ်​ပြိုင်​မှာ ဖြစ်​တာ​ကြောင့် လာမယ့်သြဂုတ်​လမှာ ကျင်းပမယ့် အာရှအားကစားပြိုင်​ပွဲကို ကစားနည်း လေးမျိုးတည်းနဲ့ သွား​ရောက်​ယှဉ်​ပြိုင်​ရတာ ဖြစ်​တယ်​လို့ ​နေပြည်​​တော်​ အားကစား​လေ့ကျင့်​​ရေးဌာန ညွှန်​ကြား​ရေးမှူး ဦး​ကျော်​ဇင်​မိုးက ​ပြောပါတယ်​။

လာမယ့် အာရှအားကစားပြိုင်​ပွဲအတွက်​ ကစားနည်း ၄ မျိုးဖြစ်​တဲ့ ပိုက်​​ကျော်​ခြင်း၊ ဝူရှူး၊​ သေနတ်​ပစ်​နဲ့ ​လှေ​လှော်​အားကစားနည်း လေးမျိုးကို ​စေလွှတ်​ယှဉ်​ပြိုင်​မှာပဲ ဖြစ်​ပါတယ်​။

ကစားနည်းသုံးမျိုးဖြစ်​တဲ့ ပိုက်​​ကျော်​ခြင်း၊ ဝူရှူးနဲ့ ​သေနတ်​ပစ်​ အားကစားနည်း​တွေဟာ ပြီးခဲ့တဲ့ မ​လေးရှားဆီးဂိမ်းမှာ ​​ရွှေတံဆိပ်​ ၇ ဆုထိ ရယူ​ပေးခဲ့တဲ့ ကစားနည်း​တွေလည်း ဖြစ်​ပါတယ်​။

လှေ​လှော်​အားကစားနည်းက​တော့ မြန်​မာနိုင်​ငံရဲ့​ အောင်​မြင်​တဲ့ အားကစားနည်းတခု ဖြစ်​လို့ သွား​ရောက်​ယှဉ်​ပြိုင်​မှာ ဖြစ်​ပါတယ်​။

တခြားအားကစားနည်း​တွေ သွား​ရောက်​ယှဉ်​ပြိုင်​ဖို့ ရှိရင်​​တော့ ထပ်​မံထည့်သွင်းသွားဖို့ ရှိတယ်​လို့ သိရပါတယ်​။

လက်​ရှိမှာ ​လှေ​လှော်​အားကစားအဖွဲ့ ​သေနတ်​ပစ်​အားကစားအဖွဲ့တို့ဟာ ရန်​ကုန်​မှာ စခန်းသွင်း​ လေ့ကျင့်နေပြီး​တော့ ဝူရှူးနဲ့ ပိုက်​​ကျော်​ခြင်း အားကစားနည်း​တွေက​တော့ ​နေပြည်​​တော်​မှာ စခန်းသွင်း​လေ့ကျင့်ဖို့ ရှိ​နေပါတယ်​။

၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

(DVB)