လစ်လပ်နေတဲ့ WBA ခရူဆာဝိတ်တန်းချန်ပီယံဘွဲကို လောရန့်စ်အိုကိုလီရယူ

မနေ့ကလန်ဒန်မြို့၊ O2 အားကစားပြိုင်ပွဲရုံမှာ ကျင်းပသွားခဲ့တဲ့ WBA ခရူဆာဝိတ်တန်း ချန်ပီယံလုပွဲမှာ ဗြိတိန် လက်ဝှေ့သမား လောရန့်အိုကိုလီက တစ်နိုင်ငံတည်းသားပြိုင်ဘက် အိုင်ဆက်ချိန်ဘာလိန်ကို ရမှတ်အသာနဲ့ အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

လောရန့်စ်အိုကိုလီဟာ ပြိုဘက်ချိန်ဘာလိန်ကို ပြင်းထန်တဲ့လက်သီးလုံးတွေနဲ့ တိုက်စစ်ဆင်နိုင်ခဲ့တာကြောင့် ချိန်ဘာလိန်ဟာ နှစ်ကြိမ်တိုင်တိုင် လဲကျခဲ့ပြီး ဒိုင်လူကြီးကအမှတ်စဉ် ရေတွက်သွားခဲ့ရပါတယ်။

ခြောက်ချီပြည့်မြောက်သွားချိန်မှာတော့ လောရန့်စ်အိုကိုလီက ရမှတ် 98-89, 96-90, 97-89 တွေနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

ချိန်ဘာလိန်ကတော့ ပွဲစဉ်တစ်လျှောက်မှာ လောရန့်အိုကိုလီရဲ့လက်သီးချက်တွေကြောင့် ခံစစ်ပုံစံနဲ့ ရုန်းကန် သွားခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် လောရန့်စ် အိုကိုလီဟာ ၈ပွဲဆက်ရှုံးပွဲမရှိ ရလဒ်ကို ဆက်လက်ရယူသွားနိုင်ခဲ့ပြီး WBA ခရူဆာဝိတ်တန်းရဲ့ချန်ပီယံသစ်ဖြစ်သွားခဲ့ပါတယ်။

 

-Ref; Sky sports