လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်ခဲ့သော မာရက်ဇ်ကို လက်စတာအသင်း ပေါင်(၂)သိန်း ဒဏ်ရိုက်မည်

မန်စီးတီးကို ပြောင်းရွှေ့ဖို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ပံ ကစားသမား မာရက်ဇ်ကို လက်စတာအသင်းက ပေါင်(၂)သိန်း ဒဏ်ရိုက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် မာရက်ဇ်ဟာ စနေနေ့မှာ ဆွမ်ဆီးနဲ့ ကစားရမယ့်ပွဲကို လွဲချော်ဖို့လည်း ရှိနေပါတယ်။

အဆိုပါအယ်လ်ဂျီးရီးယားကစားသမားဟာ ယခင်ကလည်း လေ့ကျင့်ခန်းဆင်းဖို့(၂)ကြိမ် ပျက်ကွက်ခဲ့တာကြောင့် အဲဗာတန်ကို (၂-၁)ဂိုးနဲ့ ရှုံးတဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ အခုဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် မာရက်ဇ်ဟာ အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုခဲ့ပါတယ်။ မန်စီးတီးကလည်း မာရက်ဇ်ကို ခေါ်ယူဖို့ ဆန္ဒရှိပေမယ့် transfer deadline day မှာ လက်စတာအသင်း တောင်းဆိုခဲ့တဲ့ များပြားတဲ့ ပြောင်းရွှေ့ ကြေးကို မန်စီးတီးပေးချေဖို့ ဆန္ဒမရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာပါ။

 

_Ref; Sky sports