လုပ်အားခအများဆုံး ဒိုင်လူကြီးအဖြစ် ပရီးမီးယားလိဂ်ဒိုင်များ ရပ်တည်နေ

ကမ္ဘာ့ထိပ်တန်းလိဂ်များတွင် ပရီးမီးယားလိဂ် ဒိုင်လူကြီးများသည် တစ်နှစ်လျှင် ပေါင် ၇၀,၀၀၀ နှုန်းဖြင့် လုပ်အားခ အကောင်းဆုံး ဒိုင်လူကြီးများအဖြစ် ရပ်တည်နေသည်။

ထိပ်တန်းလိဂ်ပွဲများကို ကိုင်တွယ်ရသည့် ဒိုင်လူကြီးများသည် အသင်းနည်းပြများနှင့် သတင်းမီဒီယာများ၏ မပြတ်ကြည့်ရှုခြင်း၊ ဝေဖန်ခြင်းများ ရင်ဆိုင်နေရပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်တိုင်း စောင့်ကြည့်ခံနေရသည်။

ကိုင်တွယ်သော ပွဲစဉ်အလိုက် တစ်ပွဲအတွက်ရသော စာရင်းတွင် ပရီးမီးယားလိဂ်ဒိုင်များ က တစ်ပွဲနှုန်းထက် ပေါင် ၁,၁၅၀ အထက်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

အင်္ဂလန်နောက်တွင် စပိန်လာလီဂါ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နှင့် ပေါ်တူဂီလိဂ်များမှ ဒိုင်လူကြီးများက အဆင့်လိုက် ရပ်တည်နေသည်။

ချန်ပီယံလိဂ်ပွဲများကို ကိုင်တွယ်ရသည့် ဒိုင်များအား အတွေ့အကြုံအရ နှစ်တန်းခွဲထားပြီး ထိပ်တန်း အဆင့်ပွဲများကို ကိုင်တွယ်ရသည့် အတွေ့အကြုံရှိဒိုင်များသည် တစ်ပွဲလျှင် ပေါင် ၅,၅၀၀ ရရှိကာ တစ်ဆင့်နိမ့် ပွဲများကို ကိုင်တွယ်ရသော ဒိုင်များက တစ်ပွဲလျှင် ပေါင် ၃,၀၀၀ သာ ရရှိသည်။

ပရီးမီးယားလိဂ်သည် ကြည့်ရှုအားပေးသူ အများဆုံးလိဂ်များတွင် ပါဝင်နေခြင်းနှင့်အတူ ဒိုင်များ၊ ကစားသမားများ နှင့် နည်းပြများ၏ လုပ်ခလစာလည်း မြင့်မားနေသည်။

သို့သော် ပရီးမီးယားလိဂ်ဒိုင်များသည် လက်ရှိတွင် ဗီဒီယို အကူ အညီဒိုင် VAR စနစ် အသုံးပြုနေ သော်လည်း ကိုင်တွယ်ဆုံးဖြတ်နေရသော အလုပ်သည် ပိုမိုလွယ်ကူလာခြင်း မရှိသေးပေ။

ဗြိတိန်တွင် အပျော်တမ်း ဘောလုံးဒိုင်တစ်ဦးသည် တစ်ပွဲလျှင် ပေါင် ၂၀ နှင့် ၄၀ ကြား ရရှိသည်။

 —Ref: Goal