ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေလိုတဲ့ တိုက်စစ်မှူး စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက သူအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ဖို့လိုလားတယ်လို့ ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုက အသင်းနဲ့ မြို့ကိုနှစ်သက်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်နေလိုတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ စာချုပ်ကိစ္စ အငြင်းပွားမှုတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ လိုလား နေတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာထွက်နေချိန်မှာ အ ခုလိုမျိုးပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒို တောင်းဆိုနေတဲ့ တစ်နှစ်လုပ်ခ ယူရို ၅၀ သန်းပေးချေဖို့ ဆန္ဒမရှိဘူးလို့ စကိုင်းစပေါ့စ်သတင်းဌာနရဲ့ စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူ ဂူလီလမ်ဘာလာဂွေးက ပြောခဲ့ပါတယ်။

တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အသင်းဟောင်းမန်ယူအသင်းကို ပြန်ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ စီရော်နယ်ဒိုက ” ကျွန်တော် ဟာ အသင်းကို ချစ်ခင်နှစ်သက်တာကြောင့်အသင်းမှာ ဆက်နေလိုပါတယ်။ ၂၀၀၉ ခုနှစ်တည်းက မက်ဒရစ်မြို့မှာ နေထိုင်ခဲ့တာဖြစ်ပြီး မြို့ရဲ့ရာသီဥတု နဲ့ အသင်းပရိသတ်တွေကို နှစ်သက်ပါတယ်။ “လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၁ ခုနှစ် အထိ ရှိနေတဲ့ စီရော်နယ်ဒို ကသူအနေနဲ့ အသက် ၄၁ နှစ် အရွယ်အထိ ဘောလုံးကစားဖို့ စီစဉ်ထားတာကို ပြန်စဉ်စားဖို့ လိုအပ်တယ်လို့ ဝန်ခံထားပါတယ်။

-Ref; Sky sports