မက်ဂရီဂေါနှင့်ပွဲမှရခဲ့သည့် ထိုးသတ်ကြေး မေ၀ဲသာ ထုတ်ဖော်

ပြီးခဲ့တဲ့ နှစ်က ယူအက်ဖ်စီ အကျော်အမော် မက်ဂရီဂေါနဲ့ ထိုးသတ်ခဲ့တဲ့ မေဝဲသာက သူ့ရဲ့ ထိုးသတ်ကြေး ချက်လက်မှတ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

မေဝဲသာဟာ အဲဒီပွဲကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပြီးတော့ သူ့ရဲ့ထုံးစံအတိုင်း ချမ်းသာကြွယ်ဝမှုကို ထပ်မံကြွားလုံးထုတ်ခဲ့တာပါ။

မေဝဲသာဟာ လက်ဝှေ့သက်တမ်းတလျှောက် ပွဲပေါင်း ၅၀ ထိုးသတ်ပြီးဖြစ်သလို ရှုံးပွဲလုံးဝမရှိတဲ့ စံချိန်ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

မေဝဲသာဟာ လက်ရှိအချိန်မှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာထားခဲ့သလို သူနဲ့ ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါဟာလည်း သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကြိုးဝိုင်းဖြစ်တဲ့ MMA ကြိုးဝိုင်းထဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်မလာသေးပါဘူး။

ဒီပွဲစဉ်မှာ စိန်ခေါ်ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါဟာလည်း ထိုးသတ်ကြေးပေါင် သန်း ၅၀ လောက်ရရှိခဲ့တယ်လို့ သိရပါတယ်။

(DVB)