ဥရောပ လစာအများဆုံးအသင်းစာရင်းတွင် ဘာစီလိုနာ ဦးဆောင်

ဥရောပဘောလုံး ကလပ်များသည် ၂၀၁၆ အတွင်း ကစားသမားများအတွက် လုပ်ခ လစာယူရို ၇ ဒသမ ၃ ဘီလီယံ ပေးချေခဲ့ပြီး ယင်းအသင်းများအနက် လုပ်ခလစာအများဆုံး အသင်းအဖြစ် ဘာစီလိုနာက ထိပ်ဆုံး၌ ရှိနေသည်။

စုစုပေါင်း သုံးစွဲမှုပမာဏ ၏ ၄၂ ရာခိုင်နှုန်းသည် ပရီးမီးယားလိဂ်အသင်းများနှင့်ဆိုင်ပြီး ထိပ်တန်းအသင်း ၂၀ တွင် ပရီးမီးယားလိဂ် ကိုးသင်းပါဝင်နေသည်။ သို့သော် ဘာစီလိုနာက ကစားသမားများအတွက် တစ်နှစ် စာယူရို ၃၇၂ သန်း သုံးစွဲခဲ့ပြီး လစာငွေသုံးစွဲမှု အများဆုံးဖြစ်သည်။

ထိုပမာဏက ရီးရဲလ်ထက် ယူရို ၆၅ သန်းပိုများနေပြီး ယင်း နှစ်သင်းကြားတွင် မန်ယူက ယူရို ၃၂၁ သန်းဖြင့် ဒုတိယနေရာ၌ ရှိနေသည်။

ဘာစီလိုနာ၏ အသုံးစရိတ်သည် ယင်းမတိုင်မီနှစ်ကထက် ၉ ရာခိုင်နှုန်းပိုများလာပြီး ကလပ်ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းရှိကာ လာလီဂါပျမ်းမျှလုပ်လခစာ၏ ၅ ဒသမ ၂ ဆရှိသည်။

အက်သလက်တီကို၏ လုပ်ခလစာအတွက် အသုံးစရိတ်လည်း ၃၁ ရာခိုင်နှုန်းမြင့်တက်လာကာ ယူရို ၁၃၇ သန်း ရှိနေသည်။  

—Ref:AS