ပြည်ထောင်စုရာထူးဝန်အဖွဲ့က E-LEARNING စနစ် အကောင်အထည်ဖော်နေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့က e-Learning စနစ်ကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အဲဒီ e-LS (e-Learning System Portal) ကို မကြာမီ အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) နဲ့အညီ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေကို ဝန်ဆောင်မှုကောင်း ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ အိုင်စီလုပ်ငန်းတွေကို လက်ရှိအခြေအနေ ထက်ပိုမိုတိုးတက်ဖွံ့ဖြိုး စေရေးကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကပြော ကြားထားပါတယ်။

အဆိုပါအဖွဲ့နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်မယ့်သင်တန်းတွေအတွက် သင်တန်းအချက် အလက် တွေကို ကြိုတင်လေ့လာ ဖတ်ရှုနိုင်ဖို့နဲ့ လိုအပ်လို့ရှိရင် ကိုးကားနိုင်ဖို့အတွက် အဲဒီ e-LS ကို မကြာမီ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါအဖွဲ့ရဲ့ ဝက်ဘ်ဆိုက် ကို ၂၀၀၅ ခုနှစ်ကစပြီး လွှင့်တင်ခဲ့တာဖြစ်ကြောင်း၊ ဝက်ဘ်ဆိုက်မှာ အဖွဲ့ဆိုင်ရာ သတင်း အချက်အလက်တွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်နေတဲ့ သင်တန်းဆိုင်ရာ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ လွှင့်တင်ထားရှိကြောင်း ဆိုပါတယ်။

ဝက်ဘ်ပေါ်တယ်ကိုလည်း ၂၀၀၄ ခုနှစ်ကစပြီး လွှင့်တင်ထားခဲ့တယ်လို့ သိရပါတယ်။ အရာရှိဝင်ပေါက် ရာထူး စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့်သူတွေရဲ့ မှတ်ပုံတင်အမှတ်နဲ့ ခုံနံပါတ်၊ ဖြေဆိုမယ့် နေရာတွေကို အွန်လိုင် စနစ်နဲ့ ရှာဖွေလို့ရရှိအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

-ထွန်းထွန်း internet journal