ဘရစ်ဘိန်းချန်ပီယံဆုဖလားကို ကိုင်ဂျီယို့စ်ဆွတ်ခူး

သြစတြေးလျ တင်းနစ်အကျော်အမော် နစ်ကိုင်ဂျီယို့စ်ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဘရစ်ဘိန်းပြိုင်ပွဲဗိုလ်လုပွဲမှာ ဟာရစ်ဆင်ကို (၆-၄) (၆-၂)နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်အနေနဲ့ မွေးရပ်မြေမှာကျင်းပတဲ့ ဘရစ်ဘိန်းပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးတိုးလ်ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့နိုင်ခဲ့တာဖြစ်ပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ယုံကြည်မှုတွေပြန်လည် ရရှိခဲ့ပါတယ်။

ကိုင်ဂျီယို့စ်ဟာ ၂၀၁၄မှာ လေတန် ဟီဝတ် ပြီးနောက် (၁၀)နှစ်တာကာလအတွင်း ဘရစ်ဘိန်းချန်ပီယံဖြစ်ခဲ့တဲ့ ဒုတိယမြောက် သြစတြေးလျနိုင်ငံသားလည်း ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာအောင်မြင်မှု ရရှိခဲ့တာကြောင့် ကိုင်ဂျီယို့စ်ဟာ အဆင့်(၄)နေရာတက်ခဲ့ပြီး ကမ္ဘာ့အဆင့်(၁၇)ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဂရင်းဆလင်းပြိုင်ပွဲတွေမှာ ကိုင်ဂျီယို့စ်ရုန်းကန်ရလေ့ရှိပေမယ့် ယခုရာသီအစပြိုင်ပွဲကိုတော့ အတောင့်တင်းဆုံး ပုံစံနဲ့ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

_Ref; Sky sports