မန်ယူအသင်းတွင် ကစားခွင့်ရရန် အူစိန်ဘော့ ပစ်မှတ်ထား

နာမည်ကျော်အပြေးသမားဟောင်း အူစိန်ဘော့က ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းတွင် ကစားခွင့် ရရန် ပစ်မှတ်ထားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အူစိန်ဘော့သည် လာမည့်မတ်လတွင် ဒေါ့မွန်အသင်းနှင့်အတူ ထပ်မံလေ့ကျင့်ခန်းဆင်းမည်ဖြစ်ပြီး ၎င်း၏ အိပ်မက်ဖြစ်သည့် ပရိုဘောလုံးသမားဖြစ်ရေးအတွက် ဆုံးဖြတ်ချက်ချဖွယ် ရှိနေသည်။

” ကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်တွေထဲက တစ်ခုက မန်ယူအသင်းနဲ့ စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့ပါ။ ဒေါ့မွန်အသင်းက ကျွန်တော့်ကို လုံလောက်မှုရှိတယ်လို့ ထောက်ခံချက်ပေးခဲ့ရင် လေ့ကျင့်ခန်းကို ပြင်းပြင်း ထန်ထန် လုပ်မှာပါ။ ကျွန်တော် အဲလက်စ်ဖာဂူဆန်နဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်။
ကြံ့ခိုင်မှုပြည့်စုံပြီး အဆင်သင့်ဖြစ်နေရင် သူဘာလုပ်မလဲဆိုတာ တွေ့ရလိမ့်မယ်” ဟု အူစိန်ဘော့က ပြောကြားခဲ့သည်။

(Eleven)