ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (တတိယ)ရက် သင်ခန်းစာပို့ချနေမှု

ဘောလခဲ – ဒီဇင်ဘာ( ၂၀)ရက်

ယနေ့ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းမှာ (တတိယ) ရက် နံနက် (၇း၃၀) နာရီအချိန် တွင် သင်တန်းသူ/သားများမှ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုပါသည်။ နံနက် (၈း၀၀) နာရီအချိန်မှ စတင်ပြီး သင်ခန်းစာပို့ချမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

နံနက်ပိုင်းတွင် ပထမဦးစွာ ဘောလခဲမြို့နယ် ပါတီအတွင်းရေးမှူး ဦးဟန်ထူးမှ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးပါသည်။ ယင်းနောက် သင်တန်းတာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်မှ သင်တန်းသူ/သားများ၏ သုံးသပ်ချက်များ အကြံပြုချက်များ ပြန်လည်ဆွေးနွေးပြီး ဘောလခဲမြို့နယ် ပါတီဥက္ကဌ ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ) ဦးစိုးရယ်မှ စည်းရုံးရေးဆိုင်ရာ ဗဟုသုတများ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကို game ကစားနည်းဖြင့် သရုပ်ဖော်ကာ နံနက် (၉း၅၀) နာရီ အချိန်တွင် သင်တန်းသူ/သားများအား Tea Break ပေးထားပါသည်။

Tea Break ပေးပြီး နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘောလခဲခရိုင် ပါတီဥက္ကဌ (ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်) ဦးအေးမောင်မှ လူငယ်ရေးရာကဏ္ဍ ဘာသာရပ်ဖြင့် ဆွေးနွေးသွားပါသည်။ ပြီးနောက် ဖါးဆောင်းမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ညိုမှ မဲဆွယ်စည်းရုံးရေး နိုင်ငံရေးအခြေအနေများ လေ့လာချဉ်းကပ် ခြင်း ဘာသာရပ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပို့ချပြီး (၁၂း၀၀) နာရီအချိန်တွင် နေ့လည်စာစားချိန် ခေတ္တရပ်နားခဲ့ပါသည်။
နေ့လည်စာသုံးဆောင်ပြီး အတန်းပြန်တက်မည့် နေ့လည် (၁၂း၃၀) နာရီအချိန်မှ (၁း၁၅) နာရီအချိန်အထိ သင်တန်းသူ/သားများအား ဆန်းစစ်ဖြေဆိုမည်ဖြစ်ပြီး (၂း၃၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် မည်ဖြစ်ပါကြောင်း သတင်းရရှိသည်။