ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါရင့်ပါတီခေါင်းဆောင်များအား ဂုဏ်ပြုပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ #ဝါရင့်ပါတီခေါင်းဆောင်များဂုဏ်ပြုပွဲကို (၁၇.၁၂.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပုသိမ်ကြီးမြို့နယ်ရှိ တိုင်း/ခရိုင်/မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက် (၆၀) အထက် ဝါရင့်ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ဂုဏ်ပြုပွဲတွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းမှ ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝါရင့်ပါတီခေါင်းဆောင်(၁၄၂) ဦးအား ဂုဏ်ပြုလက်ဆောင်များကို မြို့နယ်ပါတီကော်မတီဝင်များက အသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် ဝါရင့်ပါတီခေါင်းဆောင်များ၏ကိုယ်စား ဦးမြတ်စိုးမှ ကျေးဇူးတင်စကားကို ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။