ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

ယနေ့ ဒီဇင်္ဘာလ (၁၅) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် နိုင်ငံရေးစီမံ ခန့်ခွဲမှု (ဆင့်ပွါး) သင်တန်း ဖွင့်လှစ်ခဲ့ပါသည် ။

အခမ်းအနားသို့ အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ မြို့ နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးပါတီအဖွဲ့နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည် ။

အခမ်းအနားကို တက်ရောက်လာသူများက နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး ဒဂုံအရှေ့ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဌ ဦးအောင်ဆန်းလင်းက သင်တန်းသို့  အလှူငွေကျပ်တစ်သိန်းတိတိကို လှူဒါန်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည် ။