တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယနေ့ အကြိုဗိုလ်လုပွဲ သွားရောက်အားပေး

၁၄ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် / မြို့နယ်ပါတီ ဥက္ကဌ (ဖလား) လူငယ်လောလုံးပြိုင်ပွဲ (ဒုတိယနေ့) အကြိုဗိုလ်လုပွဲအဖြစ် ဗေသလလူငယ်အသင်းနှင့် တောင်သုံးလုံးလူငယ်အသင်း ယှဉ်ပြိုင်ကစားရာသို့ (ဗဟို) ပါတီကော်တီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များမှ သွားရောက်ကြည့်ရှူ အားပေး ကြပါသည်။

ပြိုင်ပွဲမစခင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ အားကစားသမားများ၊ ဒိုင်အဖွဲ့များကို မျက်နှာသုပ်ပုဝါများ လက်ဆောင်ပေးခြင်း၊ အလှူရှင် ဦးစံဌေး +ဒေါ်ကြည်ကြည်အေးမိသားစုမှ ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းများကို စပွန်စာအအေးများ လှူဒါန်းခဲ့ကြပြီး ယှဉ်ပြိုင်ပွဲကို ကြည့်ရှူအားပေးခဲ့ကြကြောင်းသိရှိရပြီး ဗိုလ်လုပွဲအနေဖြင့် (၁၆ – ၁၂ – ၂၀၁၇ ) ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ