သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်

ယမန်​နေ့ ၁၃ ၁၂ ၂၀၁၇ ရက်နေ့ နံနက်​ ၀၉း၀၀ နာရီအချိန်တွင်​ သုံးခွမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်း အမှတ်​စဉ်​ (၁) သင်​တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်​တန်းဖွင့်​ပွဲသို့ တက်​​ရောက်​လာသူများမှ နိုင်​ငံ​တော်​သီချင်းကို စု​ပေါင်းသီဆို ဖွင့်​လှစ်​၍ သင်​တန်းဖွင့်​အမှာစကားကို ပြည်​ခိုင်​ဖြိုးပါတီ ဗဟို​ကော်​မီတီဝင်​ ရန်​ကုန်​တိုင်းပါတီ အတွင်း​ရေးမှူး ဦးသာဝင်းမှ ​ပြောကြားခဲ့ပါသည်​။

အခမ်းအနားသို့ ဗဟိုပါတီ​ကော်​မီတီဝင်ေ​ဒါ်​အေးမင်းမိုး၊ တိုင်းပါတီ​ကော်မတီဝင်​​ ဒေါ်မိုးမိုးအိ၊ တိုင်းအရံပါတီ​ကော်​မီတီဝင်​ ​တောင်​ပိုင်းခရိုင်​ ပါတီ​ကော်​မတီဥက္ကဋ္ဌ ဦးလွင်​ဦး၊ ရန်​ကုန်​​တောင်​ပိုင်းခရိုင်​ ပါတီ​ကော်​မတီ အတွင်း ရေးမှူး ဦး​အောင်​​ကျော်​မင်းတို့ တက်​​ရောက်​ကြပြီး မြို့နယ်​ပါတီနာယက ​ဒေါက်​တာဦးမြင့်​သိန်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ သင်​တန်းသားသင်​တန်းသူ ၇၀ ဦးခန့်​ တက်​​ရောက်​ကြပါသည်​။