ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခြင်း

၁၂ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်းသည် မိုင်းဖြတ်ခရိုင် / မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် တွေ့ဆုံရန် တာချီလိတ်မှ မိုင်းဖြတ်သို့ နံနက် ၉း၃၀ နာရီအချိန်တွင် ခရီးထွက်ခွာခဲ့ပါသည်။

မိုင်းဖြတ်ခရိုင်ပါတီရုံးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မိုင်းဖြတ်မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းယီတစ်နှင့် အမျိးသမီးအဖွဲ့များက ခရီးဦးကြိုဆိုခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး မိုင်းဖြတ်ခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ရွှေဥနှင့် အမျိုးသမီးများကို ဆက်လက်တွေ့ဆုံပြီး ပါတီလုပ်ငန်း များတွင် အမျိုးသမီးအဖွဲ့များ တက်ကြွစွာပါဝင်ရေးနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို အကျယ်တ၀င့်ဆွေးနွေး ခဲ့ပြီး နေ့လည် (၁၂း၂၀) အချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ကော်မတီ ၀င် ဦးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးခင်မောင်လွင်၊ မြို့နယ် အရန်ကော်မတီဝင် ဦးစိုင်းခမ်းဩ၊ ဦးဘိုမောင် တို့ လိုက်ပါခဲ့ပြီး မိုင်းဖြတ်တွင် နေ့လည်စာသုံးဆောင်၍ ကျိုင်းတုံသို့ ဆက်လက် ခရီးထွက်ခွာသွားကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ