ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (ဒုတိယ) ရက် ပို့ချနေမှု

လွိုင်ကော်၊ ဒီဇင်ဘာ ( ၁၂) ရက်

ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) ဒုတိယရက် သင်တန်းပို့ချမှုမှာ နံနက်  (၇း၀၀) နာရီအချိန်တွင် သင်တန်းအုပ်ချုပ်ရေးမှူး ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်နှင့်အတူ သင်တန်း နည်းပြများ၊ သင်တန်းသူ/ သားများသည် နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကြပါသည်။
ယင်းနောက် နံနက် (၈း၀၀) နာရီအချိန်မှစပြီး သင်တန်းခန်းမ၀င်ကာ ဒုတိယရက် ပထမဦးဆုံးအချိန်အဖြစ် လွိုင်ကော်မြို့နယ် ပါတီဥက္ကဌ ဦးမောင်ရွှေမှ ”ပါတီဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ” ဘာသာရပ်ဖြင့် ဆွေးနွေး ခဲ့ပြီး ဆက်လက်၍ ဒုတိယအချိန်အဖြစ် ဖါးဆောင်းမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ညိုက ” နိုင်ငံရေးအခြေအနေ များလေ့လာခြင်း ” ဘာသာရပ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

တတိယနှင့် စတုထ္ထအချိန်ကို ပြည်နယ်ကော်မတီဝင် ဒေါ်မော်မော်ခိုင်မှ “မီဒီယာကဏ္ဍOn Line ” ဘာသာရပ် နှင့် ” သတင်းရေးသားနည်းဘာသာရပ်” ဖြင့် ဆက်လက်ဆွေးနွေးကြပြီး နေ့လည် (၁၁း၃၀) နာရီအချိန်တွင် သင်တန်းသူ/ သားများ နေ့လည်စာစားချိန် သင်တန်းကို ခေတ္တရပ်နားခဲ့ပါသည်။

ထို့နောက် နေ့လည်ပိုင်း (၁၂း၀၀) နာရီအချိန်တွင် သင်တန်းကို ပြန်လည် စတင်ကာ ဘောလခဲခရိုင် ကော်မတီဝင် ဦးလှမောင်မှ ”ပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး၊ ဒုတိယအချိန်အဖြင့် ” ပါတီ၏ မူဝါဒ” ဘာသာရပ်ကို ဖရူဆိုမြို့နယ်နေ လွိုင်ကော်ခရိုင် အရံကော်မတီဝင် ဦးစောဘွေဒိုက ဆွေးနွေးခဲ့ပါသည်။

ပြီးနောက် (၁၄း၂၀ မှ ၁၄း၃၀) နာရီအထိ သင်တန်းသူ/သားများကို Tea Break ပေးပါသည်။
Tea Break ပေးပြီး တတိယအချိန်တွင် ” လက်ရှိနိုင်ငံရေးကို ချဉ်းကပ်လေ့လာခြင်း” ဘာသာရပ်ဖြင့် ဒီးမော့ဆိုမြို့နယ်ပါတီဥက္ကဌ ဒေါ်မေးရီယန်မှ ဆက်လက်ပို့ချမည်ဖြစ်ပြီး၊ နောက်ဆုံးအချိန်ကို ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးမှ “ပါတီ၏သမိုင်းနှင့် နိုင်ငံရေးစိန်ခေါ်မှုကိုစီမံခန့်ခွဲခြင်း” ဘာသာရပ်ဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။