မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှသိန်း၏ ရှင်းလင်းဖြေကြားချက်များ

ပထမဆုံးဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများကို လျှော့ချပိတ်သင့်ကြောင်း အကြံပြုတဲ့အပေါ်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးရဲ့သဘောထားကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒါလည်း နေပြည်တော်မှာ ယခုလ ၂၁ ရက်က ဒေါက်တာညီလှငယ်က ရှင်းပြပြီးသားဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများက အခုမှ မဟုတ်ဘဲနဲ့ မြန်မာပြည်ကြီးဆိုပြီး စတည်လာကတည်းက ဖြစ်တည်လာတဲ့ဟာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် (Romantic Education) လို့ခေါ်တဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းက စာမတတ်သူပပျောက် ရေးကို အဓိကကျတဲ့မဏ္ဍိုင်တစ်ခုဖြစ်တယ်။ ဆိုတာကတော့ ကျွန်တော်တို့ ပါတီကြီးလည်းခံယူထားပါတယ်။ ပြည်သူအနေနဲ့လည်း ခံယူထားပါတယ်။ ငွေကြေးချမ်းသာတဲ့သူအားလုံး၊ အလယ်အလတ် ချမ်းသာတဲ့သူ အားလုံး၊ ဆင်းရဲတဲ့သူအားလုံး ကျောင်းထားနိုင်စွမ်းရှိပေမယ့်၊ ကျောင်းထားနိုင်စွမ်းမရှိတဲ့သူအတွက် အားကိုး ရာ ဆိုလို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပဲရှိပါတယ်။ ဒါကြောင့်မို့ သူကလည်း စာမတတ်သူ ပပျောက် ရေးမှာ အဓိကမဏ္ဍိုင်အဖြစ် ပါဝင်လာတာဖြစ်ပါတယ်။ တကယ်လို့များ အဲ့ဒီဟာတွေ ပပျောက်သွားမယ်ဆိုရင် နောင်တစ်ချိန်မှာ အရင်လိုပဲ ကျွန်တော်တို့ အစိုးရအနေနဲ့ တာဝန်ယူမယ်။ တာဝန်ယူမယ်ဆိုပေမယ့် လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန် တောရွာအဆင့်ထိ စာသင်ကျောင်းတွေ လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ စာသင်ကျောင်းတွေကို လုပ်ပေးနိုင်စွမ်းရှိသည့်တိုင်အောင် စားစရာမရှိ၊ အလုပ်အကိုင်မရှိ၊ ငွေရှားပါးလို့ ကျောင်းမထားနိုင်တဲ့သူတွေအတွက် ထောက်ပံ့ကြေးတွေကိုလည်း အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက အလွယ်တကူ ထောက်ပံ့ပေးဖို့ဆိုတာ ဒါတော်တော်ခက်ပါတယ်။ အဲ့ဒီနေရာတွေမှာ အဲ့ဒီဟာတွေကို အစား ဝင်ဖြည့်တာက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေပဲဖြစ်ပါတယ်။ ကျောင်းအိပ် ကျောင်းစားနဲ့ နေခဲ့ရတယ်။ ဒါကြောင့်မို့ ဒါတွေဖြုတ်လိုက်မယ်ဆိုရင် တစ်ချိန်တစ်ခါမှာ တောရွာမှာရှိတဲ့ လူတွေက အရင်တုန်းက ဂျပန်ခေတ်လို၊ လွတ်လပ်ရေးမရခင်က ခေတ်လို၊ လက်မှတ်ထိုးတဲ့နေရာမှာ ကြက်ခြေခတ်တဲ့ ခေတ် ပြန်ရောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုဟာတွေမရှိအောင် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်တစ်ပြည်လုံး စာတတ်မြောက်ဖို့ အဆင့်လိုက်၊ အဆင့်လိုက်ကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရှေးကအစဉ်အလာရှိတဲ့အတိုင်း ရှေးဘုရင်လက်ထက်ကတည်းက အစဉ်အလာရှိတဲ့အတိုင်းကို တရားဥပဒေ နဲ့အညီ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ ၂ဝဝ၅ ခုနှစ်မှာ ပထမအကြိမ်ထုတ်တယ်။ ၂ဝ၁၄ ခုနှစ်မှာ ဘုန်းတော်ကြီး သင်စာသင်ကျောင်းနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ အမျိုးသားပညာရေး ပြင်ဆင်မှုဥပဒေဆိုပြီးတော့ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ ရေးသားထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ရေးသားထုတ်ပြန်တဲ့အခါမှာ ကျောင်းအမျိုးအစားတွေ ကိုးမျိုးသတ်မှတ်ထားတာ တွေ့ရတယ်။ အဲ့ဒီကိုးမျိုးကဘာလဲ ဆိုရင် အဲဒီဥပဒေရဲ့အခန်း(၆)မှာ ဘာဆို ထားလဲဆိုတော့ အစိုးရကျောင်းများ၊ နောက်တစ်ခုက အစိုးရထောက်ပံ့ခံ ကျောင်းများ၊ နောက်တစ်ခုက ဒေသန္တရ အဖွဲ့အစည်းပိုင်ကျောင်းများ၊ နောက်တစ်ခါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဆိုပြီး သိသိသာသာ ဖော်ပြထားပါတယ်။ ပြီးလိုရှိရင် ပရဟိတ ကျောင်းများ၊ အထူးပညာရေးအစီအစဉ်ကျောင်းများ၊ ရွေ့လျားနိုင်သော အရေးပေါ်ကျောင်းများ၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ အခါအားလျော်စွာ သတ်မှတ်သည့် ကျောင်းများဆိုပြီးတော့ ဒီလိုသတ်မှတ်ခဲ့ တာရှိပါတယ်။ ဒါတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းထားနိုင်တဲ့သူရှိသလို၊ ကျောင်းမထားနိုင်ခဲ့ရင် လည်း ဒီလက်မှတ်ထိုးတဲ့နေရာမှ ကြက်ခြေခတ်တဲ့ အဆင့်ကနေပြီးတော့ လွတ်မြောက်အောင် ဆိုပြီး ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ စာမတတ်သူပပျောက်ရေးအတွက် အဓိက မဏ္ဍိုင်တစ်ခုအနေနဲ့ ဒါကို အတိအကျ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကလည်း သူတို့အယူအဆနဲ့ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ် ဆိုသည့်တိုင်အောင် ဒီလိုဟာမျိုး လေးတွေတော့ မကွဲလွဲသင့်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးအနေနဲ့က ဒီလိုဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေရှိခြင်းသည် နိုင်ငံသူ နိုင်ငံသားတွေအားလုံး တတ်နိုင်တဲ့သူလည်း တတ်နိုင်သလောက်ဖြစ်စေ၊ မတတ်နိုင်တဲ့အဆုံး ကျန်တဲ့သူတွေအားလုံးလည်း မိမိ နာမည်၊ မိမိစာ၊ မိမိတို့ဘာရေးထားတယ်ဆိုတာကို စာလေးတော့ ဖတ်တတ်ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ဆံ့အောင်ဆိုပြီး ဆောင်ရွက်ထားတဲ့ပညာရေးစနစ်ဖြစ်တယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါက နံပါတ်(၁) အချက်၊ နံပါတ် (၂) အနေနဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး တွေနဲ့ ရပ်ကွက် သို့မဟုတ် အုပ်ချုပ်ရေးမှူးများစွာနဲ့ ပတ်သက်ပြီးတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါမှာ လိုက်နာရမယ့်ဥပဒေတွေက ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၁၃)၊ ၁၃၇၇ ခုနှစ် ပြာသိုလဆန်း(၁ဝ)ရက်၊ ဇန်နဝါရီ လ ၂ဝ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ဥပဒေရှိပါတယ်။ ဒါနောက်ဆုံးဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ဘာပါလဲဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးမယ်ဆိုရင် ပထမဆုံးမြို့နယ်အုပ်ချုပ်ရေးမှူးကနေ ကြီးကြပ်တဲ့အဖွဲ့ကနေပြီးတော့ အဲ့ဒီထဲ မှာ ရှိတဲ့ရပ်မိရပ်ဖ ငါးဦး၊ သမာသမတ်ကျတဲ့ ရပ်မိရပ်ဖငါးဦးကို ရွေးချယ်ရပါတယ်။ အဲ့ဒီကနေတစ်ဆင့် ဆယ်အိမ်မှူးတွေရွေးမယ်။ အဲ့ဒီဆယ်အိမ်မှူးတွေ ကျေးရွာအုပ်စုတွေက ဆယ်အိမ်မှူးတွေရပြီဆိုရင် ဆယ်အိမ်မှူးတွေထဲက နေပြီးတော့ အဲ့ဒီမဲဆန္ဒရှင်တွေနဲ့ သူကလည်း မဲပေးတဲ့စနစ်နဲ့ ရာအိမ်မှူးတွေရွေးမယ်။ ရာအိမ်မှူးတွေရ ပြီဆိုမှ အဲ့ဒီကျေးရွာအုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်ကို အဲဒီအတိုင်းပဲရွေးတယ်။ အဲ့ဒီ အချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍပေါ့နော်။ အဲ့ဒီမှာ ဘာတွေပါသလဲဆိုတဲ့ အခါကျတော့ ဥပဒေအရ အစားထိုးလိုက်တယ်ပေါ့။ ဘာနဲ့အစားထိုးသလဲဆိုရင် သူက ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံဥာဏ်နဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းတာ။ အကြံဥာဏ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်း ကိုလည်း ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ ဝင်ရောက်ပြီးတော့မှ ဟို ငါးယောက်ကိုဖွဲ့၊ ဒီငါးယောက်နဲ့လုပ်၊ ဒီလို လုပ်လို့မရပါဘူး။ ဥပဒေအောက်ကပဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာတွေကိုရွေးချယ်တဲ့ အခါမှာလည်း သမာသမတ်ကျကျနဲ့ မှန်မှန်ကန်ကန်နဲ့ လူထုက အမှန်တကယ်ရွေး ချယ်တဲ့သူ၊ လူထုကအမှန်တကယ်(Pass) လုပ်တဲ့သူ၊ သူရဲ့ဒီမိုကရေစီစံနှုန်းနဲ့ လူထု က အမှန်တကယ်ရွေးချယ်သူလို စနစ် တကျခန့်ထားမယ်ဆိုရင် ဒီပြဿနာသည် ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းတွေ၊ ဘာတွေကလည်း ဥပဒေအတိုင်းရှိပြီးသားဖြစ်တဲ့အတွက် ကြောင့် အကျယ်အကျယ်ဖြစ်မှာစိုးလို့ ကျွန်တော်မရှင်းပြတော့ပါဘူး။ ဒါက သတင်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ တော့ အချို့နေရာတွေမှာ ဒီဥစ္စာတွေက ကျွန်တော်ခုနတင်ပြသွားတဲ့ ဥပဒေပုဒ်မ ၉(ဆ)ကိုကျော် ပြီးတော့ ကျော်လွန်ပြီးတော့ အာဏာသုံးစွဲမှုတွေ ရှိကောင်း လည်းရှိပါလိမ့်မယ်။ ဒါကတော့ သူ့ရဲ့ စိတ်ဆန္ဒအရ ဖြစ်ပေါ်လာတဲ့အပေါ် မူတည်ပြီး လုပ်တဲ့အပိုင်းတွေလည်းရှိ ပါတယ်။ဒါပေမဲ့ သို့သော် ဒါတွေအားလုံးကို သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်က နေပြီးတော့ ဒါတွေကို ထိန်းသိမ်းသွား ပေးရမှာဖြစ်ပါတယ်။ အမှန်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ အရင်ခေတ်တုန်းက ဒါကို တို့အားလုံး သိမှာပါ။ ရေးထားတဲ့စာသားတွေလည်း အများကြီး ရှိပါတယ်။ ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးရန်ကင်း ကွာ လွန်ချမ်းသာ ဆိုပြီး ရေးထားခြင်းသည် အလကား ရေးထားတာ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်း ဥပဒေဘောင်တွင်းမှာနေထိုင်တာ ဒါ အကောင်းဆုံးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီသည်လည်း ဒီအတိုင်းပဲ ဥပဒေကို လက်ကိုင်ထားပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ပါတီနဲ့ ပတ်သက်လို့ မေးချင်တဲ့အကြောင်းတွေ လည်းရှိပါလိမ့်မယ်။ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ဘာကြောင့်ဝင်လဲဆိုတာနဲ့ပတ်သက်လို့ အားလုံးသိချင်ကောင်းသိပါလိမ့်မယ်။ လူတိုင်းလူတိုင်း ကတော့ ကိုယ့်ရည်မှန်းချက်၊ ကိုယ်ယုံကြည်ချက်နဲ့ အသက်ရှင်နေတာဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ့်ယုံကြည် ချက်အတိုင်း ဖြစ်ပေါ်မလာဘူးဆိုရင် ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းဆောင်ပေးနိုင်တဲ့သူကို မျှော်လင့်တာပဲ။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။