ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အနောက်သီရိကျေးရွာသစ် သာသနာ့ဝေပုလ္လ ကျောင်းတော်ရာသစ် ပြန်လည်ထူထောင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူတော်ငွေ လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂၂

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင်ထားသော ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများမှ လုပ်ငန်းတစ်ခုဖြစ်သော “ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာသစ်သို့ ပြောင်းရွှေ့တည်ဆောက်နေသည့် သာသနာ့ဝေပုလ္လကျောင်းတော်ရာသစ် ပြန်လည်ထူထောင်ရေး” အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေကျပ်သိန်း ၃၀ အားပါဝင်လှူဒါန်းခဲ့သည်။
အဆိုပါ အလှူငွေလှူဒါန်းပွဲကို ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း အတွင်ရေးမှူး ဦးအောင်ပိုင်မင်းနှင့် ဦးဆောာင်ကော်မတီဝင်များဖြစ်ကြသည့် ဦးရဲထွဋ်အောင်၊ ဒေါ်ဆွေဇင်မင်း၊ ဦးထွန်းထက်ဦးတို့ တက်ရောက်ခဲ့ကြသည်။
အလှူငွေလှူဒါန်းပွဲတွင် ပါတီမှ လှူဒါန်းသောအလှူတော်ငွေအား ပါတီအထွထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပေးအပ်လှူဒါန်းရာ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း အတွင်ရေးမှူး ဦးအောင်ပိုင်မင်းနှင့် ဦးကော်မတီဝင်များက လက်ခံရယူခဲ့ပြီး အသင်း အတွင်ရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာအားပြန်လည်ပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအတွင်းရေးမှူးတို့မှ လက်ခံရယူခဲ့သည်။