ပြက္ခဒိန်တစ်နှစ်အတွင်း ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးအဖြစ် စီရော်နယ်လ်ဒိုစံချိန်တင်
ရီးရဲလ်တိုက်စစ်မှူးစီရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ကအေပိုးလ်နဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ယခင်ကသူတင်ထားခဲ့တဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း ချန်ပီယံလိဂ် ဂိုးသွင်း အများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ (၂၀၁၇)ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဂိုး(၁၈)ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ချန်ပီယံလိဂ် သွင်းဂိုး(၁၆)ဂိုးသွင်းခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ကလပ်အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်ဂိုး(၁၀၀) သွင်းယူနိုင်သူအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ဂျူဗင်တပ်နဲ့ ကစားမယ့်ပွဲမတိုင်မီ ဘာစီလိုနာ အတွက် ချန်ပီယံလိဂ်(၉၇)ဂိုးသွင်းယူထားပါတယ်။
-Ref; Sky sports