ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုက်နယ်အလိုက် အသီးသီး နယ်မြေကွင်းဆင်းဆောင်ရွက်

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီများသည် မိမိတို့တာဝန် ယူထားသော တိုက်နယ်အလိုက် အသီင်္းသီး နယ်မြေကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ ဒိုက်ပျက်တိုက်နယ်၊ တွဲဖက် တာဝန်ခံ ဦးသန်းဝင်းသည် သင်တောကရက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာ ရေး၊ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်နိုင်ရေးနှင့် ကျေးရွာလုံးကျွတ်ပါတီဝင် (၀ါ-စိမ်း-နီ) အဆင့် သတ်မှတ် ဆောင်ရွက်နိုင်ရေးကိစ္စများကို စည်းရုံးရေးမှူး၊ အမှုဆောင်များနှင့် ထိတွေ့ဆောင်ရွက်ခဲ့ပါသည်။