ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း

ရန်ကုန် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင် ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်များက အကြံပြုဆွေးနွေးစကား ပြန်လည်ပြောကြားကြသည်။

ထို့နောက် အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ကော်မတီဝင်များက ပြန်လည်ဆွေးနွေးဖြေကြားကာ ဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။