ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းကုန် နေထိုင်နေကြသည့် နိုင်ငံခြားသား ၁၀၀၀၀၀ အား ရှင်းလင်းမည်

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့  တခြားပြည်နယ်တွေမှာ ဗီဇာသက်တမ်းကုန်နေပြီ ဖြစ်ပေမယ့် ဆက်မတိုးတော့ဘဲ နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ တသိန်းကျော်ရှိနေပြီလို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့ စ် သတင်းစာကြီးမှာ ရေးသား ဖေါ်ပြထားပါတယ်။

အဆိုပါ နိုင်ငံခြားသားတွေမှာ ဒုစရိုက်ဂိုဏ်းဝင်တွေ အမှုအခင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့  ထိုင်း နိုင်ငံအတွင်း မူးယစ်ဆေးဝါးမှုခင်းတွေကို ဆက်လက်ကျူးလွန်နေကြပါ တယ်။

ကာကွယ်ရေးဝန်ကြီး ပရာဝပ်ဝုန်စ၀မ်ကတော့ နိုင်ငံခြားသားတွေဟာ အလယ်အပါတ်ဗီဇာနဲ့ ဝင်ရောက်လာကြပြီး နိုင်ငံရင်းကိုမပြန်ကြတော့ဘဲ နိုင်ငံတွင်း ဆက်လက်နေထိုင်နေကြတာ ဖြစ်တယ်လို့  ထုတ်ဖေါ်ပြောဆိုခဲ့ပါ တယ်။

အဆိုပါသက်တမ်းကုန် နိုင်ငံခြားသားတွေဟာ ဘန်ကောက်မြို့ မှာဆိုရင် နာနာ(အာဖရိကန်လူမဲ ရပ်ကွက်) – ဖတ်ခနုံ(အရှေ့ အလယ်ပိုင်းသားများ)- အွန်နွတ်(ရုရှားမာဖီးယားများ) နဲ့ ရန်ကန်ဟန်(တရုတ်) မြို့နယ်တွေမှာ အများဆုံး နေထိုင်နေကြတာပါ။

တခြားပြည်နယ်တွေမှာဆိုရင် ချင်းမိုင် – ပါတ်တယား – ချွန်ဘူရီ – စုန်ခါ – ပူးကက် – ကော့စမွေ – ကိုလဌာနီ ပြည်နယ် တွေမှာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဟာ လက်နက်မှောင်ခို – ပြည့်တန်ဆာ – နိုင်ငံကူးလက်မှတ် အတု- မူးယစ်ဆေးဝါး -လူကုန်ကူးနဲ့ လက်နက်မှောင်လုပ်ငန်းတွေမှာ ပါဝင်ပါတ်သက်နေကြပါတယ်။

လက်ရှိအခြေအနေမှာ နာမည်ပျက်စာရင်းရှိနေသူ ၃၀၀ လောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်ပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ ရှင်းလင်းပွဲ လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

(DVB)