NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်ရရန်သာကျန်ဟု အစိုးရနှင့် UNFC ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးရေးသဘော တူညီမှုရရှိရန် နှစ်ဖက်ခေါင်း ဆောင်များ၏အပြီးသတ်အတည်ပြုမှုသာ ကျန်ရှိကြောင်း အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကိုယ်စားလှယ်များက ပြောသည်။

အစိုးရ၏ငြိမ်းချမ်းရေးကော် မရှင်(PC)နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(DPN)တို့ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်၌ တွေ့ဆုံ၍ NCA လက်မှတ်ထိုးနိုင်ရေး UNFC ဘက် က တင်ပြသည့် အဆိုပြုချက်များကို ဆွေးနွေးရာ နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်သာ လိုတော့ ကြောင်း ဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စား လှယ်များက ပြောသည်။

‘‘ဆွေးနွေးမှုတွေက ပွင့်ပွင့်လင်းလင်း ရှိပါတယ်။ ကျွန်တော် တို့အသုံးအနှုန်းလေးတွေ၊ ဝေါဟာရလေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အကျေအလည် သဘောတူဖို့ရှိပါတယ်။ နောက်ပြီးတော့ နှစ်ဖက်သက်ဆိုင်ရာခေါင်း ဆောင်တွေကို ပြန်လည်တင်ပြဖို့ရှိပါတယ်။ အဲဒီအခါကျမှပဲ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအဆုံး သတ်ဖို့ ရှိပါတယ်’’ဟု DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြော သည်။

ယခုနှစ်အတွင်း NCA လက် မှတ်ထိုးနိုင်ရေး နှစ်ဖက်စလုံးက ရည်ရွယ်ဆောင်ရွက်နေပြီး NCA လက်မှတ်ထိုးပြီး ရှေ့ဆက် လုပ်ဆောင်မည့်ကိစ္စများ ဆွေးနွေးချမှတ်ပြီးဖြစ်ကြောင်းလည်း ခူဦးရယ်က သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ‘‘အပြီးသတ်ဆွေးနွေးရမယ်ဆိုတာ နှစ်ဖက်ခေါင်း ဆောင်တွေ ပြန်တင်ပြရမှာ ရှိတယ်။ ဘာတွေဆိုတာ အခုအချိန်မှာတော့ ပြောလို့မရသေးဘူး။ ခေါင်းဆောင် တွေဆီ  ပြန်တင်ပြပြီးတော့ နောက်ထပ်တစ်ကြိမ် ပြန် တွေ့မယ်’’ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ယခုဆွေးနွေးပွဲ ရလဒ်ကို နှစ်ဖက်ခေါင်းဆောင် များထံ တင်ပြပြီး လာမည့်တစ် ပတ်အတွင်း (နိုဝင်ဘာ ၁၆ ရက် ဝန်းကျင်) ထပ်မံတွေ့ဆုံရန်  ချိန်းဆိုထားသည်။ နှစ်ဖက် ခေါင်းဆောင် များထံ တင်ပြပြီးပါက NCA ထိုးမည့် သဘောဟုတ်၊ မဟုတ် သတင်း ထောက်များက မေးမြန်းရာ ခူဦး ရယ်က ‘‘အဲဒီလိုလည်း နားလည် လို့ရမယ်လို့ ယူဆပါတယ်’’ဟု ဖြေကြားသည်။

နိုဝင်ဘာ ၈ ရက်ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် UNFC ဘက် မှ အဆိုပြုချက်ရှစ်ချက်အနက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးကြေညာရန်နှင့် ဖက်ဒရယ်မူ ဆိုင်ရာ ကိစ္စရပ်အချက်နှစ်ချက်မှ လွဲ၍ ကျန်အချက်အားလုံး သ ဘောတူညီမှုရရှိပြီးဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။

နိုဝင်ဘာ ၉ ရက် ဆွေးနွေးပွဲ အပြီးတွင် ယင်းအချက်အားလုံးကို မူအားဖြင့် သဘောတူညီမှုရရှိ ခဲ့ကြောင်း နီးစပ်သူအချို့က ပြော သော်လည်း သီးခြား အတည်ပြုချက်မရရှိပေ။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ ယခုဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ခေါင်းဆောင်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ လေ့လာသူအ ဖြစ် တက်ရောက်ခဲ့သည့် NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ကိုယ်စား လှယ် ဦးသံခဲက ‘‘မကြာခင်မှာ ကျွန်တော်တို့တိုင်းပြည်အနာဂတ် အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ မလွဲမသွေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။  ဒါကြောင့်မို့ ပထမအဆင့်အနေနဲ့ ဘာပဲပြောပြော NCA လမ်းကြောင်းပေါ်မှာ နောက်ထပ် အဖွဲ့သစ်တွေ တိုးလာဖို့ မျှော်လင့် ရမယ့်အနေအထားတော့ ရှိနေတယ်လို့ မှတ်ချက်ပေးချင်ပါ တယ်’’ဟု ပြောသည်။

 NCA လက်မှတ်ထိုးနိုင်ရေး လက်ရှိ အစိုးရနှင့် UNFCသည် တစ်နှစ်ခွဲခန့်အတွင်း တရား ဝင်ဆွေးနွေးပွဲ ရှစ်ကြိမ် ပြုလုပ်ခဲ့ သည်။ အကယ်၍ လာမည့်တွေ့ ဆုံမှုတွင် နှစ်ဖက်အကြား သဘောတူညီမှုရပါက UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ NCA ၌ ပါဝင်လက်မှတ် ထိုးမည်ဖြစ်သည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP) သည် UNFC အဖွဲ့ဝင်ဖြစ်သော်လည်း UNFC မှ နုတ်ထွက်ခွင့်တောင်းဆို ထားသည်။