ဒီဂီယာကို ရီးရဲလ်မက်ဒရစ်သို့ ရောင်းချရန် စဉ်းစားနေကြောင်း မော်ရင်ဟိုပြောကြား

ဂိုးသမားဒီဂီယာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်ကို ရောင်းချရန် စဉ်းစားနေ ကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ဟိုကပြောကြားခဲ့ပါတယ်။

ဒီဂီယာကတော့ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ရဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီဂီယာကို ခေါ်ယူလိုပါက ရီးရဲလ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဗာရာနီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် ပေးချေသွားရမှာဖြစ်ကြောင်းကိုလည်း မော်ရင်ဟိုက အသိပေးပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းကို မော်ရင်ဟိုကိုင်တွယ်ခဲ့စဉ်က လန်းစ်အသင်းကနေ ဗာရာနီကို ၂၀၁၁ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပြီး အသက် (၂၄)နှစ်အရွယ်သာရှိသေးတဲ့ နောက်ခံလူတစ်ဦးပဲ ဖြစ်ပါတယ်။

-Ref; Sky sprots