ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဇနီးနှင့် အဖွဲ့ဝင်များ သမိုင်းဝင် ရှင်ကိုးရှင်စေတီတော်များအား သွားရောက်ဖူးမျှော်

တနသာင်္ရီ နိုဝင်ဘာ ၉

တနသာင်္ရီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုပါတီ ကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်၊ တနသာင်္ရီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင် များသည် နိုဝင်ဘာ ၈ ရက် ည ၆ နာရီတွင် တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ သမိုင်းဝင် ရှင်ကိုးရှင်စေတီတော်များ ဖြစ်ကြသော ရှင်ပင်ခရု၊ လောကမာရဇိန် ရွှေတောင်စား၊ ရှင်ဥသြ စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုကန်တော့ကာ စေတီတော် ဂေါ်ပကအဖွဲ့အား စေတီတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့မှပေးအပ်သော စေတီတော်ဓာတ်ပုံများအား ကြည်ညို ပူဇော်ရန် လက်ခံရယူခဲ့သည်။

#ပြည်သူ့ဆက်ဆံရေး