NCA လက်မှတ်ထိုးရန် ညှိနှိုင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် UNFC ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ပြေလည်အောင် ညှိနှိုင်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (DPN) တို့၏ NCA ဆိုင်ရာ တွေ့ဆုံညှိနှိုင်းပွဲမတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက် တွင် UNFC က ယခုကဲ့သို့ ထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေးကော် မရှင်နှင့် DPN တို့သည် နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ၍ NCA လက်မှတ် ရေးထိုးရေး အပြီးသတ် ညှိနှိုင်းမည်ဖြစ်သည်။

DPN ၏ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ‘‘အဆိုပြုချက် ရှစ်ချက်ကလည်း ပြေလည်မယ်။ ဒီအဆိုပြုချက် ရှစ်ချက်နဲ့ NCA စာချုပ်တို့ ကျေနပ်လောက်အောင် အခိုင်အမာ ချိတ်ဆက်နိုင်ရင် NCA စာချုပ် ကိုထိုးဖို့ဖြစ်နိုင်တယ်။ ကျွန်တော်တို့ လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အတူသွားဖို့ အစကတည်းက ဆန ရှိပြီးသားပါ။ ဒီလိုဆန္ဒရှိပြင်း ပြနေတဲ့အတွက်ကြောင့်လည်း ဒီအချိန်ထိ ဖြစ်နိုင်မယ့် နည်းလမ်းသစ်ကိုရှာဖွေရင်း ဒီအချိန်ရောက်ခဲ့တာပါ။ ပြေနိုင်မယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိပါတယ်’’ဟု ပြောကြားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ကော်မရှင် (PC)နှင့် DPN တို့ NCA လက်မှတ်ထိုးရေးညှိနှိုင်းမှုသည် တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။ အောက်တိုဘာက ကျင်းပသည့် ကော်မရှင်နှင့် PC တို့၏ ခုနစ်ကြိမ်မြောက် တရားဝင်ဆွေး နွေးပွဲတွင် UNFC အဆိုပြုထားသည့် အချက်ရှစ်ချက်အနက် အဆိုပြုချက် (၅)ဖြစ်သော တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်ပြီး ပြီးပြတ်အောင် မဆွေးနွေးနိုင်၍ ယခုကဲ့သို့ ထပ်မံတွေ့ ဆုံခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ယခင်ဆွေးနွေးပွဲများ၌ အတည်ပြုထားသည့် အချက်အချို့ကို ပြန်လည် ဆွေးနွေးလာ၍ ယခု နိုဝင်ဘာ ၈ ရက် ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ အပါအဝင် UNFC ၏ အဆိုပြု ချက် အချက်လေးချက်ကို ထပ်မံ ဆွေးနွေးရန် ရှိကြောင်း UNFC က ထုတ်ပြန်သည်။

ယခုတွေ့ဆုံမည့် ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ထွက်လာမည့်ရလဒ်သည် နှစ်ဖက်စလုံး၏ မှန်ကန်သည့် သဘောထားရှိမှု၊ အချင်းချင်းနားလည်ပေးနိုင်မှုနှင့် ခိုင်မာသော ငြိမ်းချမ်းရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဆန္ဒကောင်းများ ထားရှိပေးနိုင်ခြင်းများအပေါ် တွင် မူတည်နေကြောင်း UNFC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ အကယ်၍ ညှိနှိုင်းမှုအဆင်ပြေပါက NCA တွင် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်လက် မှတ်ထိုးမည်ဖြစ်သည်။ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)သည် UNFC မှ နုတ်ထွက်ခွင့် တောင်းထား၍ NCA တွင် ပါဝင်ခြင်းရှိ၊ မရှိ မသေချာသေးပေ။