iPhone X မှာအကောင်းဆုံး စမတ်ဖုန်း display ဟု Displaymate သတ်မှတ်

DisplayMate မှ ကျွမ်းကျင်ပညာရှင်တွေက edge-to-edge ဒီဇိုင်းအသုံးပြုထားတဲ့ iPhone X ရဲ့ display ကို စမ်းသပ်ခဲ့ပြီး တီထွင်ဆန်းသစ်မှု အရှိဆုံး display လို့ခေါ်ဆိုခဲ့ပါတယ်။ Apple အနေနဲ့ iPhone X မှာ OLED display စင်စစ်ကို အသုံးမပြုထားပါဘူး။ Apple ကဖန်တီးထားတဲ့ Precision Display Calibration ကြောင့် ထုတ်ကုန်ဟာ စွမ်းဆောင်ရည်မြင့်မားလာပြီး တိကျတဲ့ display ဖြစ်လာတယ်လို့ DisplayMate မှကျွမ်းကျင် သူတွေက ပြောခဲ့ပါတယ်။

iPhone X မှာ ၅.၈ လက်မ 2.5K ရုပ်ထွက်အရည်အသွေး 2436x 1125 Full HD+ Display ပါဝင်လာပါတယ်။ iPhone တွေထဲမှာ အရောင်ဖော်ပြမှုအကောင်းဆုံး ထုတ်ကုန်ဖြစ်သလို အလိုအလျောက် color management နဲ့ viewing angle စွမ်းဆောင်ရည်လည်း ကောင်းမွန်တယ်လို့ သိရပါတယ်။

iPhone X ဟာအရောင်ဖော်ပြမှုနဲ့ OLED စမတ်ဖုန်းတွေအတွက် full-screen brightness အပြင် အလင်း အားနည်းတဲ့ နေရာမှာ full-screen contrast ရလဒ်တွေမှာလည်း အမြင့်ဆုံး စံချိန်တင် ရမှတ်ရရှိခဲ့တယ်လို့ DisplayMate ရဲ့ဘက်ထရီစမ်းသပ်မှုအရ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုနဲ့ တိုင်းတာမှုအရ စမ်းသပ်သမျှ ထုတ်ကုန်တွေထဲမှာ iPhone X ဟာ display စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ဒါကြောင့် DisplayMate ရဲ့အမြင့်ဆုံး ရမှတ် A+ ရရှိခဲ့ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက် Ref: CultofMac