ၾသစေၾတးလ် အိုးပင်း အမီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ မျှော်လင့်ထားကြောင်း မာရေး ပြောဆို

ဗြိတိန် နာမည်ကြီး တင်းနစ် ကစားသမားဖြစ်သူ အန်ဒီမာရေးက ၎င်းအနေဖြင့် လာမည့် ဇန်န၀ါရီလမှာ ကျင်းပမယ့် သြစတြေးလျ အိုးပင်း အမီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ မျှော်လင့်ထား ကြောင်း ပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ပုံစံ လက်စွမ်းပြရဖို့ အတွက်တော့ သူ့အနေနဲ့ အချိန်ယူရဦးမှာ ဖြစ်ကြောင်းလည်း သူက ထပ်လောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ အဆင့် ရပ်တည်မှု အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ မာရေးဟာ အင်္ဂါနေ့က ကမ္ဘာ့အဆင့် ၂ ဆွစ်ဇာလန် တင်းနစ် ကစားသမား ရော်ဂျာဖက်ဒရာနှင့် အတူ စကော့တလန်မှာ ရံပုံငွေ လက်ရည်စမ်းပွဲ ကစား ခဲ့တာ ဖြစ်ပြီး မာရေးက ၆-၃၊ ၃-၆၊ ၁၀-၆ ရလဒ်များဖြင့် ရှုံးခဲ့ပါတယ်။

အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၀င်ဘယ်တန် အိုးပင်းမှာ ဆမ်ကွာရေးကို ရှုံးခဲ့ပြီးနောက် ယခုလို ဖက်ဒရာနှင့် လက်ရည်စမ်းပွဲမှာ သူ့အတွက် ပထမဆုံး ပြန်လည် ပါဝင် ကစားနိုင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

_Ref; Sky sports