iPhone X များကို ပြည်တွင်းဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်

 

မကြာခင်က မိတ်ဆက်ပေးခဲ့တဲ့ iPhone X တွေကို ပြည်တွင်းဈေးကွက်အတွင်း ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးကွက်အတွင်း ရောက်ရှိနေတဲ့ iPhone X တွေအနေနဲ့ မော်ဒယ်အမျိုးအစားနဲ့ ရောင်းချတဲ့ ဆိုင်တွေပေါ် မူတည်ကာ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်မှ ကျပ်နှစ်ဆယ့်ခုနှစ်သိန်း ဝန်းကျင်းခန့်ရှိတာကို တွေ့ရပါတယ်။ Storage တွေအနေနဲ့ ကတော့ 256GB နဲ့ 64GB ဆိုပြီး ဈေးကွက်အတွင်း ​ရောက်လျက်ရှိတာကို တွေ့ရ ပါတယ်။

iPhone X ရဲ့ ၅.၈ လက်မရှိတဲ့ Super AMOLED Multi-Touch Screen Display မျက်နှာပြင်က 1125×2436 pixels ထိ ရုပ်ထွက်အရည်အသွေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ Hexa Core A11 processor ကို တပ်ဆင် ထားပြီး 3GB RAM နဲ့ iOS v11.1 ကို ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ Dual 12MP ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ 7MP အမျိုးအစားဖြစ်ပါတယ်။ ဘက်ထရီကတော့ 2716 mAh ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း