သီ​ပေါတွင်​ ရပ်​/​ကျေးပါတီ လပါတ်​အစည်း​ဝေး ကျင်းပ

သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးစည်းမှူးများ၏ လစဉ်​လုပ်​ငန်းညှိ့နှိုင်းစည်း​ဝေးပွဲကို ၆.၁၁.၂၀၁၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်​က မြို့နယ်​ပါတီရုံးခန်းမတွင်​ ကျင်းပခဲ့ပါသည်။

အခမ်းနားသို့ ပြည်​နယ်​​ကော်​မတီဝင်​ ဦးစိုင်းစိန်​လင်း ၊ခရိုင်​​ကော်​မတီဝင်​ ဦးအုန်း​မောင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦးအောင်​​အောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်များ ၊ ရပ်​/​ကျေး စည်းရုံး​ရေးအဖွဲ့ဝင်​များ စုံညီစွာ တက်​​ရောက်​ကြပါသည်​။

အခမ်းအနားတွင်​ ရှမ်း/​မြောက်​ တတိယသုံးလပါတ်​ လုပ်​ငန်းညှိနှိုင်းစည်းဝေးပွဲ အ​တွေ့အကြုံများကို ပြည်​နယ်​​ကော်​မတီဝင် ဦးစိုင်းစိန်​လင်း ၊ မြို့နယ်​ပါတီ၏ လက်​ရှိ လုပ်​​ဆောင်​ချက်​များနှင့်​ ​ရှေ့လုပ်​ငန်းစဉ်​များကို လည်းကောင်း၊ ခရိုင်​ပါတီ​ကော်​မတီနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​/ကျေးစည်းမှူးမျာမှ အပြန်​အလှန်​ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

အဆိုပါ​တွေ့ဆုံ​ဆွေး​နွေးစည်း​ဝေးပွဲသို့ ပြည်​နယ်​၊ ခရိုင်​၊ မြို့နယ်​၊ ရပ်​/​ကျေး စည်​မှူး စုစု​ပေါင်း ၆၀ ဦး တက်​​ရောက်​ခဲ့ပါသည်​။ တွေ့ဆုံစည်းဝေးပွဲကို ၁၁း၃၀ နာရီအချိန်တွင်​ ​အောင်​မြင်​စွာ ရုတ်သိမ်းခဲ့ပါသည်​ ။