ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် ရခိုင်အရေး ဆွေးနွေး

 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်သော ဘင်္ဂါလီများအနက် လူဦးရေ နှစ်ထောင်ကျော်ကို ဖော်ထုတ်နိုင်ခြင်းအပါအဝင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ရှင်း လင်းပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ထိုင်းနိုင်ငံတွင် ကျင်းပ နေသည့် ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပြပွဲ (Defence & Security 2017) သို့တက်ရောက် နေစဉ် အင်ဒိုနီးရှားနိုင်ငံ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ၍ ယင်းသို့ ရှင်းလင်းပြော ကြားခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၆ ရက်၌ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများက လုံခြုံရေးစခန်းများကို အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဒေသခံ တိုင်းရင်းသားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ မှုအခြေအနေများ၊ အဆိုပါအ ကြမ်း ဖက်မှုများကို တပ်မတော် က အတတ်နိုင်ဆုံးထိခိုက်မှုနည်းစွာဖြင့် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက် ဘင်္ဂါလီများ အနက် လူ ၂,၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါ ဖော်ထုတ်ရရှိသူများသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်း ရှောင်ထွက်ပြေးသွားမှု အခြေအနေများ၊ မီဒီယာများက မိမိ(မြန်မာ့တပ်မတော်)တို့ကို စွပ်စွဲပြောကြား၍ သတင်း မှားများထုတ်လွှင့်နေမှုနှင့် မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဖြေရှင်း ဆောင်ရွက်နေမှုအခြေအနေများ အား ဓာတ်ပုံများပြသကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက်မှ ၉ ရက် အထိ ပြုလုပ်မည့် Defence & Security 2017 ပြပွဲသို့ တက် ရောက်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိကြီးများလည်း အဖွဲ့ဝင်အဖြစ်    လိုက်ပါသွားကြောင်း  နိုဝင်ဘာ ၅ ရက်က သတင်း ထုတ်ပြန်သည်။